album cover
Date
105
Pop
Date adlı parça {albumName} albümünün bir parçası olarak Gita Myanmar Music tarafından 22 Nisan 2023 tarihinde yayınlandıLuv - Single
album cover
Çıkış Tarihi22 Nisan 2023
FirmaGita Myanmar Music
Melodiklik
Akustiklik
Valence
Dans Edilebilirlik
Enerji
BPM87

Müzik Videosu

Müzik Videosu

Krediler

PERFORMING ARTISTS
Mahaw
Mahaw
Performer
COMPOSITION & LYRICS
Mahaw
Mahaw
Songwriter

Şarkı sözleri

နေသာတဲ့ နေ့လေးတစ်ရက်ရဲ့ တနင်္ဂနွေမှာ သူနဲ့ချိန်းထားတယ်
အရင်တခါဆုံဖူးတဲ့ ပန်းခြံခုံလေးမှာ မောင်လေရောက်နှင့်မယ်
ချစ်ရသူရယ်
စိတ်ကူးနဲ့ရောက်ကာနေပြီနော်
အတူတူချိန်းထားတဲ့ တနင်္ဂနွေဆီသို့
လွမ်းလွန်းလို့ အိပ်နိုင်မယ်မထင်ဘူး ဒီနေ့လေးမရောက်ခင်
အတူဆုံရင် သူကြိုက်တဲ့သီချင်းတွေ ဂျစ်ကားပေါ်ဖွင့်ပြီးကွယ်
အတူတူမြို့အနှံ့လျှောက်လည်ပြီးတော့ ဘုရားစုံအတူတူလျှောက်ဖူးမယ်
ဘိုင်စကုတ်ဝင်ကြည့်မယ် ရေခဲမုန့်စားမယ်
သူသိပ်ကြိုက်ရတဲ့ ယနေ့ခေတ်သီချင်းတွေ အတူတူဆိုဖို့ကွယ်
ဆုံတွေ့ချင်ပြီ ချစ်ရသူနဲ့
တနင်္ဂနွေဆီ မှန်းလို့မျှော်ရီ
ပြုံးမိပြန်သည် လွမ်းရပြန်ပြီ
အတူတူနီးမယ့်ရက်တွေ ဝေးလွန်းသလားလို့ မောင်လေလက်ချိုးရေ
ဟိုတစ်ခါသူပေးတဲ့ ရှပ်အင်္ကျီ အကွက်ကလေးကို လုံချည်နဲ့ဝတ်မယ်
မောင်ပေးတဲ့ မာဖလာလည်စည်းလေး စည်းကာ ရောက်လာမလားလို့
ကြိုတင်မှန်းစကာ ပျော်ရသည်
သူကြိုက်တဲ့သီချင်းတွေ ဂျစ်ကားပေါ်ဖွင့်ပြီးကွယ်
အတူတူမြို့အနှံ့လျှောက်လည်ပြီးတော့ ဘုရားစုံအတူတူလျှောက်ဖူးမယ်
ဗိုလ်ချုပ်ဈေးဝင်ကြမယ် ဆီချက်ဝင်စားမယ်
သူသိပ်ကြိုက်တတ်တဲ့ ပုလဲပုတီးလေးတွေ မောင်ရှာဝယ်ပေးမယ်
ဘိုင်စကုတ်ကြည့်တုန်းလေ မောင်အနမ်းတွေပေးရင်
သူလေ စိတ်မကောက်ဘဲနဲ့ ခွင့်ပြုဖို့တော့ မောင်ဟာ မျှော်လင့်နေ
အိမ်ပြန်တဲ့အချိန်ရောက်ရင် မောင်လိုက်ပို့ပေးမယ်
လူမမြင်တဲ့လမ်းထိပ်က လက်ပြပြီးတော့ မှိုင်ကာကျန်ခဲ့မယ်
ဆုံတွေ့ချင်ပြီ ချစ်ရသူနဲ့
တနင်္ဂနွေဆီ မှန်းလို့မျှော်ရီ
ပြုံးမိပြန်သည် လွမ်းရပြန်ပြီ
အတူတူနီးမယ့်ရက်တွေ ဝေးလွန်းသလားလို့ မောင်လေလက်ချိုးရေ
တနင်္ဂနွေဆီ
Written by: Mahaw
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...