album cover
Death
Hip-Hop/Rap
Death adlı parça {albumName} albümünün bir parçası olarak Gita Myanmar Music tarafından 11 Kasım 2022 tarihinde yayınlandıDeath - Single
album cover
Çıkış Tarihi11 Kasım 2022
FirmaGita Myanmar Music
Melodiklik
Akustiklik
Valence
Dans Edilebilirlik
Enerji
BPM78

Şarkı sözleri

လူ့ဘဝမှာ အခက်အခဲတွေနဲ့သာ ခရီးဆိုး
နောက်ဆုံးတစ်နေ့မှာ အားလုံးပျောက်ကွယ် မီးခိုး
သိပ်နီးလို့ နည်းလမ်းမရှိပါ ဖြေရှင်းမရ
တီးတိုး နားထဲမှာကြားတာ သေခြင်းတရား
အစတစ်နေ့မှာမွေးဖွား အဆုံးတစ်နေ့မှာ သေခြင်းတရား
ငွေ ပိုက်ဆံ အာဏာ ပါဝါ တားဆီးလို့ ဖြေရှင်းမရ
လူသားချင်းအဆင့်တန်းတွေခွဲ ခေတ်နောက်ပြန်ဆွဲနေတုန်းလား
မာရ်နတ်ရဲ့လမ်းစဉ်တွေထဲ လွတ်မြောက်အောင် အားကုန်ရုန်းကြ
နောင်တဆိုတာ နာမည်နဲ့လိုက်အောင် နောင်မှ တတယ်
သေခြင်း တရား ဆိုတာ ဗုဒ္ဓတောင် ရှောင်မှမရဘဲ
မင်းဘာကြောင့် အယူအဆတွေလွဲ
မင်းဘာကြောင့် အဆင့်တန်းတွေခွဲ
မင်းဘာကြောင့် မင်းဘာကြောင့်
အတွေးအခေါ်တွေ ညစ်ညမ်းနေလဲ
လက်ရှိဘဝ မင်းဘေးက စည်းစိမ်များ အတိတ်ဘဝက
ပြုခဲ့တဲ့ ကုသိုလ်တရား သဘောမပေါက်ဘဲ
မကောင်းမှုတွေ လုပ်နေရင် အတိုးတွေနဲ့ ပြည့်နေမှာ
နောက်ဆုံးရထား စီးရမှာ သေချာပေါက် ကျိန်းသေတယ်
အကျိုးတွေပြန် ခံရမှာ ကိန်းသေပဲ
အဆိုးတွေအတွက် အဆိုးဆုံးတွေနဲ့
အကောင်းတွေအတွက် အကောင်းဆုံးတွေပဲ
အနိစ္စဆိုတာ အမြဲမရှိ အရာအားလုံးကလည်း ဖြစ်ပြီးရင်ပျက်လို့
ဒီနေ့ငါအောင်မြင်ပြီးရင် မနက်ဖြန်လာမယ့် အရှုံးတွေကိုလက်ခံဖို့
ဒါကြောင့်ငါ မဖက်တွယ်ခဲ့ ဘာကြောင့်မင်း ပြက်ရယ်လဲ
Rap တစ်ပိုဒ်နဲ့ နားမလည်သေးရင် သီချင်းအဆုံးတဲ့အထိ နားထောင်ကဲ
လူ့ဘဝမှာ အခက်အခဲတွေနဲ့သာ ခရီးဆိုး
နောက်ဆုံးတစ်နေ့မှာ အားလုံးပျောက်ကွယ် မီးခိုး
သိပ်နီးလို့ နည်းလမ်းမရှိပါ ဖြေရှင်းမရ
တီးတိုး နားထဲမှာကြားတာ သေခြင်းတရား
လူ့ဘဝ အခက်အခဲများနဲ့ ခရီးဆိုး
နောက်ဆုံးတစ်နေ့မှာ လွင့်ပြယ်ပျောက်ကွယ် မီးခိုး
သိပ်နီးလို့ နည်းလမ်းမရှိပါ ဖြေရှင်းမရ
တီးတိုး နားထဲမှာကြားတာ သေခြင်းတရား
သေရမယ့်အကြောင်းတွေပြောရင် လူတချို့က ဂေါက်တယ်
ငါတို့အသက်ငယ်ပါသေးတယ် အာရုံလာပြီးမနောက်နဲ့
နေ့စဉ်လုပ်တဲ့ မကောင်းမှုတွေနဲ့ ငရဲကျတော့ မကြောက်ဘဲ
ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာအကျိုးက မင်းကိုပို့မှာချောက်ထဲ
အဲဒီလိုပြောရင် စိတ်တွေကဆိုး အံတွေကြိတ် မျက်စောင်းတွေထိုး
အမှားတွေမြင် အမြင်တွေမှား အမြင်တွေမမှားဖို့ ဆင်ခြင်တရား
တရားစာရွတ်ပြတော့ ဆိုးတယ်မြင် စောက်တလွဲတွေကျတော့
ကိုးကွယ်ချင် အဲဒီလိုစရိုက်နဲ့အချိုးတကယ် မပြင်သရွေ့
သေခြင်းတရားလည်း ဆိုးတယ်ထင် ဒါရှောင်လို့မရတဲ့ ကိစ္စ
နောင်သံသရာအတွက် ရိက္ခာ မကောင်းမှုတွေဝေးကွာသွား
လုံခြုံလာမယ့် လိပ်ပြာ မေတ္တာတရားတွေကို စိတ်မှာထား
ဥာဏ်ပညာနဲ့ သိက္ခာတရား အရိပ်မိုးနေရင်အလင်းထဲထွက်ခဲ့
ကမ္ဘာမြေသစ်ရဲ့ နိမိတ်ပါလား လောဘကပ်လာတော့ ဒေါသထွက်
မောဟဖက်လာတဲ့ သောကအချက် စောဒကမတတ်ပါ
မပြောပြတတ် အနိစ္စကမ္ဘာမှာ တောကစားထွက်
မြင်းတစ်ကောင်ပေါ်ကသိဒ္ဓတ္ထ ငါ့ဘဝရဲ့ဟီးရိုး
သုညဘဝစတင်ခဲ့တယ် နောက်ဆုံးမှာလည်းဇီးရိုး
လူ့ဘဝမှာ အခက်အခဲတွေနဲ့သာ ခရီးဆိုး
နောက်ဆုံးတစ်နေ့မှာ အားလုံးပျောက်ကွယ် မီးခိုး
သိပ်နီးလို့ နည်းလမ်းမရှိပါ ဖြေရှင်းမရ
တီးတိုး နားထဲမှာကြားတာ သေခြင်းတရား
လူ့ဘဝ အခက်အခဲများနဲ့ ခရီးဆိုး
နောက်ဆုံးတစ်နေ့မှာ လွင့်ပြယ်ပျောက်ကွယ် မီးခိုး
သိပ်နီးလို့ နည်းလမ်းမရှိပါ ဖြေရှင်းမရ
တီးတိုး နားထဲမှာကြားတာ သေခြင်းတရား
မမြဲခြင်းများနဲ့ နိတ္ထိတံ လူ့ဘဝမှာ သေခြင်းတရား
ဒင်္ဂါးတပြားလိုကျောချင်းကပ် မရဏမင်းနဲ့ ထွေခင်းကစား
ဘဝတစ်ခုလုံးက အမှားတို့ရဲ့အလည် သိဒ္ဓိတင် နေတစ်စင်းလား
လိုချင်တာ မင်း ရခဲ့တော့ စိတ်ကြီးဝင် ငွေမင်းသား
အတ္တစိတ်နဲ့ ဘဝကိုတည်ဆောက် စကားကျွံကာ ချေနင်း
အသက်ရှင်စဉ်ခါ ယုတ်မာခဲ့တော့ တမလွန်ဟာ အဖြေရှင်း
အဆုံးမသတ်ခင် ဆယ်လမွန်တွေလို ရေဆန်မှာ ပေတင်းထား
အခုနေမင်း ကွယ်လွန်ခဲ့ရင် ဘာဖြစ်မလဲ အဖြေစဉ်းစား
မစဉ်းစားတတ်တော့ လုပ်သမျှမကြောက် မှန်တယ်ထင်တဲ့
လမ်းကိုလျှောက် လျှောက်ခဲ့တာတော့ မိုင်တွေအများကြီး
Treadmill လို ဘယ်မှမရောက် အဲဒီလိုနဲ့ မင်းဘဝအမှားကြီးမှန်း
သိလိုက်တော့ နောက်ကျ အချိန်တွေက သွားပြီ
ခွင့်လွှတ်ခြင်းတွေ ပျောက်ရှ မှိန်ဝေကာ ဝါးပြီ
ငြိမ်တေကာ အားမရှိ စျာပနမှာ မျက်ရည်အတုနဲ့
လိမ်နေတာ သနားမိ အထာမကျတဲ့ သဘာဝရဲ့ သက်သေတစ်ခုပဲ
နေဝင်ချိန်ညနေတစ်ခုထဲ ကျိန်နေတာကြားမိ
ဘဝဆိုတာ သင်ကြားရင်းနဲ့ အခက်တွေစုခဲ့
တိမ်တွေမှာ အနားမရှိ
Written by: Win Kyaw Thu
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...