制作

歌词

အဟောင်းကို ပြန်တွေးကာ
သတိရနေချင်လည်း အားငယ်
ရက်စက်သူ မေ့လိုက်နိုင်သူ
ဦးထားတဲ့ ဒီအတိုင်းငါ
သူစိမ်းတို့ရဲ့ အလယ်မှာ
အဟောင်းပြန်တွေးကာ ကိုယ့်ကိုကိုယ်ပဲ
စိတ်နာ ဟိုးအရင်လို စိတ်မဖော့နိုင်ပါ
အို အခုတော့ အချစ်ရဲ့ မီးလျှံ
သူစိမ်းတို့ရဲ့အလယ်မှာ
တကယ်ဆိုရင် ဦးဆုံးချစ်ခဲ့ပြီး
မနေသင့်ဘူး ဥပေက္ခာ
ကြင်နာသူရေ အနီးဆုံးရှိလှည့်ပါ
မယုံနိုင်သေးဘူး အသည်းက နာကျင်ခံစား
အခုတော့လေ ချစ်သူရေ
ပျော်စရာ တခုလောက်ရချင်တယ်
အဟောင်းကို ပြန်တွေးကာ
ဘာမှ မယုံချင်ဘူး စိတ်မှာ
ချစ်လာအောင် မုန်းတတ်လာအောင်
ကိုယ်နှလုံးသွေး ရင်းနှီးခဲ့တယ်
အဟောင်းကို ပြန်တွေးကာ
မုန်းရန်စိတ်မကူးတော့ပါ
မေ့နိုင်သူ မေ့လိုက်ပါ
အခုတသက်မှာ မနီးတော့
သူစိမ်းတို့ရဲ့ အလယ်မှာ
တကယ်ဆိုရင် ဦးဆုံးချစ်ခဲ့ပြီး
မနေသင့်ဘူး ဥပေက္ခာ
ကြင်နာသူရေ အနီးဆုံးရှိလှည့်ပါ
မယုံနိုင်သေးဘူး အသည်းက နာကျင်ခံစား
အခုတော့လေ ချစ်သူရေ
ပျော်စရာ တခုလောက်ရချင်မိ
အဟောင်းကို ပြန်တွေးကာ
ကိုယ့်ကိုပဲ စိတ်နာ
ဟိုးအရင်လို စိတ်မဖော့နိုင်ပါ
အခုတော့ အချစ်ရဲ့ မီးလျှံ
သူစိမ်းတို့ရဲ့ အလယ်မှာ
သူစိမ်းတို့ရဲ့ အလယ်မှာ
သူစိမ်းတို့ရဲ့ အလယ်မှာ
instagramSharePathic_arrow_out

Loading...