音乐视频

音乐视频

制作

出演艺人
X-Boxin
X-Boxin
表演者
Yair Yint Aung
Yair Yint Aung
表演者
作曲和作词
Yair Yint Aung
Yair Yint Aung
词曲作者
Ye Gaung Phoo
Ye Gaung Phoo
词曲作者
制作和工程
Yair Yint Aung
Yair Yint Aung
制作人

歌词

ဒဏ်ရာတွေလာပေးတဲ့ကလေးငယ်
ပြန်မြင်ယောင်နေဆဲ
မိုးတွေသဲမည်းရွာနေခဲ့
အဆင်ပြေတယ်မလား မင်းမို့မေးရက်တယ်
ပေါက်ကရလေးဆယ်
ငါ့ရင်ထဲပြောစရာစကားမဲ့
Yeah, စီးကရက်တလိပ်ကုန်သွားတိုင်း
လွမ်းဆွေးခြင်းတွေအားလုံး မှုတ်ထုတ်လိုက်တဲ့ အငွေ့ထဲမှာပျောက်
ဂျင်းဘောင်းဘီဒူးပြဲ ရင်ဘတ်ကဟောင်းလောင်းပေါက်နဲ့
ပေတရာလမ်းမပေါ် တပွေတည်းငါလျှောက်
အခြေအနေဘယ်လိုလဲဆိုတော့
အခုထိကွဲနေတုန်း
ဘယ်သူနဲ့မှလဲအဆင်မပြေဘူး
မူးပြီးအလွဲတွေလုပ်
Tequila ပုလင်း နားကြပ်ထဲမှာ Post Malone
မင်းက လွဲရင် မမြင်တော့တဲ့ ကိုယ့်မျက်လုံး
ဒဏ်ရာတွေလာပေးတဲ့ကလေးငယ်
ပြန်မြင်ယောင်နေဆဲ
မိုးတွေသဲမည်းရွာနေခဲ့
အဆင်ပြေတယ်မလား မင်းမို့မေးရက်တယ်
ပေါက်ကရလေးဆယ်
ငါ့ရင်ထဲပြောစရာစကားမဲ့
ဝိတွေသောက်နေတုန်းလားလို့ ငါ့ကိုမမေးနဲ့
အိမ်ပြန်နောက်ကျတဲ့အကြောင်းတွေ မမေးနဲ့
အခုထိလွမ်းနေသေးလားလို့ ငါ့ကိုမမေးနဲ့
နင်မမေးနဲ့
မျက်ရည်ကျတာလားလို့ နင်ငါ့ကိုမမေးနဲ့
ငါတန်ဖိုးထားတဲ့အကြောင်းတွေ မမေးနဲ့
ဘာကြောင့်တို့တွေဝေးရတာ ငါ့ကိုမမေးနဲ့
မမေးနဲ့ မမေးနဲ့
Let's go, အဆင်ပြေနေတယ်ဆိုတဲ့ သတင်းပဲစောင့်နေတယ်
ကိုယ်မင်းဆီ ပြန်လာမယ်ထင်ပြီးတော့ ကြောက်မနေနဲ့
ဒီနှစ်ထဲ အသည်းကွဲလို့ လူဘယ်နှစ်ယောက်သေလဲ?
အခု လမ်းဘေးပလက်ဖောင်းမှာ တကယ်မှောက်နေတယ်
ရောက်နေတဲ့ နေရာဟောင်းတွေဆီ
မင်းရဲ့ဘေးမှာရှိနေတုန်း ငါသေမှာကြောက်နေမိ
မေးခွန်းတိုင်းအတွက် အဖြေဟာပျောက်နေပြီ
ဘယ်ဆရာဝန်မှ ကုသမရတဲ့ စိတ်ဝေဒနာတွေရောက်နေပြီ
Instagram မှာ Block
Facebook မှာ Block
ဖုန်းနံပါတ်တွေ Block
ကိုယ့်ရဲ့လမ်းကိုယ်လျှောက်
နှလုံးသွေးကြောထဲမတည်ငြိမ်ဘူး ဉီးနှောက်ပါခြောက်
အကျင့်ဖြစ်နေပြီညဆို အိပ်ဆေးနှစ်လုံးလောက်ငါသောက်
ကိုယ်ဆိုတာမင်းအတိတ်က အခြွေအရံ အဆင့်သာဖြစ်
ပျော်အောင်သာနေဘဝအသစ်မှာ ရေကန်အသင့် ကြာအသင့်
မတော်တဆများလူကြုံနဲ့တောင် နေကောင်းလားမမေးနဲ့
မင်းကိုယ့်လိုနာကျင်လာရင် တရားနဲ့ဖြေဖျောက်ပါ ကလေးငယ်
ဒဏ်ရာတွေလာပေးတဲ့ကလေးငယ်
ပြန်မြင်ယောင်နေဆဲ
မိုးတွေသဲမည်းရွာနေခဲ့
အဆင်ပြေတယ်မလား? မင်းမို့မေးရက်တယ်
ပေါက်ကရလေးဆယ်
ငါ့ရင်ထဲပြောစရာစကားမဲ့
ဝိတွေသောက်နေတုန်းလားလို့ ငါ့ကိုမမေးနဲ့
အိမ်ပြန်နောက်ကျတဲ့အကြောင်းတွေ မမေးနဲ့
အခုထိလွမ်းနေသေးလားလို့ ငါ့ကိုမမေးနဲ့
နင်မမေးနဲ့
မျက်ရည်ကျတာလားလို့ နင်ငါ့ကိုမမေးနဲ့
ငါတန်ဖိုးထားတဲ့အကြောင်းတွေ မမေးနဲ့
ဘာကြောင့်တို့တွေဝေးရတာ ငါ့ကိုမမေးနဲ့
မမေးနဲ့ မမေးနဲ့ (Yeah-yeah)
အနာဂတ် တယောက်တည်း
နောက်ကြောင်း ပြန်မလှည့်
အမာရွတ် ကျန်ခဲ့
အတိတ်ဟောင်း ချန်ခဲ့
မကြင်သောသူမကိုမှ ပလ္လင်ပေါ်တင်တော့
ငါ့ရုပ်ကြီးနဲ့ လွမ်းလို့ငိုနေရတာ အမြင်မတော်
အရင်ထက် အစားတွေပိုစားပြီ
ဆံပင်ရှည်ပါ ညှပ်လိုက်လို့တိုသွားပြီ
ဘယ်လိုစပြီး နေနိုင်ခဲ့လဲဆိုတော့
တဖြည်းဖြည်းပဲ ကိုယ့်အနားရှိစဉ်ကတည်းက
မင်းကသွေးအေးတဲ့ အနီးဆုံးကနေ ဝေးဝေးခဲ့ (Ho-no)
ဝိတွေသောက်နေတုန်းလားလို့ ငါ့ကိုမမေးနဲ့
အိမ်ပြန်နောက်ကျတဲ့အကြောင်းတွေ မမေးနဲ့
အခုထိလွမ်းနေသေးလားလို့ ငါ့ကိုမမေးနဲ့
နင်မမေးနဲ့
မျက်ရည်ကျတာလားလို့ နင်ငါ့ကိုမမေးနဲ့
ငါတန်ဖိုးထားတဲ့အကြောင်းတွေ မမေးနဲ့
ဘာကြောင့်တို့တွေဝေးရတာ ငါ့ကိုမမေးနဲ့
မမေးနဲ့ မမေးနဲ့ (Yeah-yeah)
အဆင်ပြေလား မမေးနဲ့
ပျော်စရာတွေပဲ ငါပေးမယ်
မလိုချင်ရင် ပြောထွက်ပေးမှာ
နင်ဟာ အပေါ်ယံများကိုရွေးချယ်
အဆင်ပြေလား မမေးနဲ့
ပျော်စရာတွေပဲ ငါပေးမယ်
မလိုချင်ရင် ပြောထွက်ပေးမှာ
နင်ဟာ အပေါ်ယံများကိုရွေးချယ်
Written by: Yair Yint Aung, Ye Gaung Phoo
instagramSharePathic_arrow_out

Loading...