音乐视频

音乐视频

制作

出演艺人
May La Thanzin
May La Thanzin
表演者
作曲和作词
Ma Soe Yain Sayar Taw Pha Yar Gyi Ei Myittar Poh
Ma Soe Yain Sayar Taw Pha Yar Gyi Ei Myittar Poh
作曲

歌词

နေထွက်နေဝင် ကိုးဂုဏ်ရှင်
နေ့စဉ်ရှစ်ခိုးမယ်
အနန္တငါး ဂုဏ်တော်များ
ညွှတ်တွားကန်တော့မယ်
မျက်နှာသစ်လျှင်ရေကိုမြင်
မြင်စဉ်မေတ္တာပွားပါ့မယ်
သစ်ရင်း သစ်ရင်း လျော့ယိုယွင်း
ရုပ်ဆင်းသတ္တိထားပါ့မယ်
တန်းတူတွေ့လျှင် မေတ္တာဝင်
မဝင်နိုင်က ပြိုင်တတ်တယ်
ပြိုင်မယ့်အစား မေတ္တာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်
ကိုယ့်အောက်တွေ့လျှင် ဂရုဏာဝင်
မဝင်နိုင်က နိုင်တတ်တယ်
နိုင်မယ့်အစား ဂရုဏာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်
ကိုယ့်ထက်သာလျှင် မုဒိတာဝင်
မဝင်ဣဿ ယိုင်တတ်တယ်
ယိုင်မယ့်အစား မုဒိတာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်
ရုပ်ကိုလည်းပြင် စိတ်လည်းပြင်
ပြင်ဆင်နိုင်ရ ပြုတိုင်းလှ
သုခနိဗ္ဗာန် တိုင်လိမ့်မယ်
သုခနိဗ္ဗာန် တိုင်လိမ့်မယ်
နေထွက်နေဝင် ကိုးဂုဏ်ရှင်
နေ့စဉ်ရှစ်ခိုးမယ်
အနန္တငါး ဂုဏ်တော်များ
ညွှတ်တွားကန်တော့မယ်
မျက်နှာသစ်လျှင်ရေကိုမြင်
မြင်စဉ်မေတ္တာပွားပါ့မယ်
သစ်ရင်း သစ်ရင်း လျော့ယိုယွင်း
ရုပ်ဆင်းသတ္တိထားပါ့မယ်
တချိန်ချိန် အိုရမည်
တချိန်ချိန် နာရမည်
ဒီသင်္ခါရကိုနေ့တိုင်း နှလုံးသွင်း
မမြဲခြင်းခန္ဓာ
ချစ်ခြင်းမုန်းခြင်းအတွက်
ခံစားရတာတဏှာ
မရှောင်နိုင်သေးချိန်မှာ
ဥပက္ခာထားလိုက်ပါ
ဘဝဆိုတာ ရေပွက်ပမာ
တန်းတူတွေ့လျှင် မေတ္တာဝင်
မဝင်နိုင်က ပြိုင်တတ်တယ်
ပြိုင်မယ့်အစား မေတ္တာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်
ကိုယ့်အောက်တွေ့လျှင် ဂရုဏာဝင်
မဝင်နိုင်က နိုင်တတ်တယ်
နိုင်မယ့်အစား ဂရုဏာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်
ကိုယ့်ထက်သာလျှင် မုဒိတာဝင်
မဝင်ဣဿ ယိုင်တတ်တယ်
ယိုင်မယ့်အစား မုဒိတာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်
ဒါကိုမှတ်ထားမယ်
ဒါဆင်ခြင်မှကွယ်
ဒီသံသရာထဲဝယ်
လောဘ ဒေါသ မောဟလျော့ကာ
မာန်မာနတွေ ပယ်ပါ
မမြဲတဲ့စရာ သိလို့ပါ
ထားနိုင်ပါ ဒီမေတ္တာ
ကိုယ့်ထက်သာလျှင် မုဒိတာဝင်
မဝင်ဣဿ ယိုင်တတ်တယ်
ယိုင်မယ့်အစား မုဒိတာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်
ရုပ်ကိုလည်းပြင် စိတ်လည်းပြင်
ပြင်ဆင်နိုင်ရ ပြုတိုင်းလှ
သုခနိဗ္ဗာန် တိုင်လိမ့်မယ်
သုခနိဗ္ဗာန် တိုင်လိမ့်မယ်
ဒီလိုဂုဏ်ဒြပ်တွေ ဒီလိုပကာသနတွေ
ဒီလိုအဆင့်အတန်းတွေ
တပ်မက်မှုနဲ့ သိမ်းဆည်းထားကာ
ပူလောင်ရပြီ ရင်မှာ
ဒုက္ခတရား စွန့်လိုက်ပါ
ဘဝဆိုတာ ရေပွက်ပမာ
Written by: Ma Soe Yain Sayar Taw Pha Yar Gyi Ei Myittar Poh
instagramSharePathic_arrow_out

Loading...