制作
出演艺人
Lil'Z
表演者
作曲和作词
Nay Oo Lin
词曲作者
歌词
Lyric:
Until I found you, you should find a place to hide (Hide Out)
But you can't run away from me coz' I'll hunt you down and drown into the dark
Today is the Judgement Day
ငါ မှ တပါး တခြားသော တရားဥပဒေ မရှိ ( I'm the Law )
ငါ့ သွေးကြောထဲက သွေးများဟာ တစစီ ပုံမှန်ရေခဲ အမှတ်သို့ ကျော်လို့လာ
Don't you tell me about forgiveness, forgiveness, forgiveness, forgiveness
This is the reason I'm notorious, notorious, notorious
Genesis of Notoriety
ရှင်သန်လွတ်မြောက်ဖို့အတွက် မျှော်လင့်ချက်လေးတခု
ကယ်တင်ရှင်တွေဆီ ကျယ်လောင်စွာ အော်ခေါ်ထား
ကယ်သူမဲ့ ရင်ဆိုင်တွေ့ရမယ့် စစ်တလင်းထဲ
မင်း အတွက် အမိန့်ချမယ့် သေမင်းရဲ့ ခေါ်သံကိုကြားလား
ဘုရားတွေတိုင်းက မင်းရဲ့အဖြစ်ကို လက်ပိုက်ပြီးတော့ ကြည့်နေလိမ့်မယ် စိတ်ချ
ငါ့ရဲ့ ဒေါသတွေက မင်းရဲ့သွေးနဲ့ စကားပြောချင်တယ်
ဒီနေ့ဟာ မင်းရဲ့ လဂ် မှာဂြိုလ်တွေစီးမဲ့နေ့တနေ့လို့ ဟောကိန်းထုတ်လိုက်တဲ့ သူတွေအား
ယုံကြည်နိုင်သေးရဲ့လား ဖြေ
Until I found you, you should find a place to hide (Hide Out)
But you can't run away from me coz' I'll hunt you down and drown into the dark
Today is the Judgement Day
ငါ မှ တပါး တခြားသော တရားဥပဒေ မရှိ ( I'm the Law )
ငါ့ သွေးကြောထဲက သွေးများဟာ တစစီ ပုံမှန်ရေခဲ အမှတ်သို့ ကျော်လို့လာ
Don't you tell me about forgiveness, forgiveness, forgiveness, forgiveness
This is the reason I'm notorious, notorious, notorious
Genesis, The Notorious
ပြေးချင်တဲ့ ပုံစံပြေး
ကံတရားကိုတော့ မပုန်ကန်ကြေး
ကြောက်စိတ်ကို အနံ့ခံလိုက်တိုင်းမှာ ငါ ကြားရတာ သားကောင်ရဲ့ နှလုံးခုန်သံလေး
မင်းကို အခု လက်ယက်ပြီးခေါ်နေတယ်
ငါ့ ရဲ့ အမှောင်ထုကြီးက ဖော်ရွေတယ်
မြေခွေးတွေ အော်နေတယ်
ကျီးကန်းတွေ ပျော်နေတယ်
ဒီညငါ မင်းအတွက် အရက်စက်ဆုံး ဖျော်ဖြေမယ်
မင်းရဲ့ စိတ်အာရုံထဲကနေ ကယ်တင်ရှင်ကို လာကယ်ဖို့ တိုင်တည်ပါ
မင်းအပေါ် အနိဌာရုံတွေ ပြသပြီး အလှပဆုံး ကိုင်တွယ်ကာ
Final မှာ ထိုင်ကြွယ်မှာ ငါ
မင်း လွတ်မြောက်ချင်ဇော်နဲ့ လုပ်သမျှ ထွက်ပေါက်တွေ ပိတ်မိမယ် (Watch Out!)
ဒူးထောက်ဖို့ အသိတရားက မင်းခေါင်းထဲ ရောက်လာတဲ့ အချိန်
မင်း နောက်ကျသွားပြီဆိုတာ ရိပ်မိမယ်
ငါ အဆုံးမသတ်သ၍ မပြီးသွား
တားမရ စီးမရ ဒေါသတွေကြီးထွား
ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ ငါ့ရဲ့ Nuclear
ကောင်းကင်းကိုမော့ကြည့်လိုက်…လမိုက်နေတဲ့ ညရဲ့ ပွဲ
ငါ့ ပိုင်နက်ကို ကျူးကျော်ခွင့် မရှိတာဟာ ငါ့ရဲ့ အစွဲ
မင်း မသေခင် မြင်ရမယ့် ငရဲ
ငါ့ လေထုထဲ မင်းလာ အသက်ရှုမိတဲ့ အတွက် ပြန်ပေးရမယ့် တန်ကြေးတွေ ရှိတယ်ဆိုတာ သိလား?
မြေကြီးရဲ့ အောက်က အရိုးစုတွေကတော့ အသိတရားတွေ ရကာ ငြိမ်ကာဝပ်ကာ ပိပြား
ပြင်းပြတဲ့ မင်းရဲ့ သေချင်စိတ်ကို ငြင်းမရလို့ ရင်းရမယ့်အရာတွေကို ရှင်းပြမယ် အခု
သေဆုံးသွားတဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး အောင်ပွဲကို လှပစွာ ကျင်းပမယ်ဟေ့
Can't wait to see you
Don't you tell me about forgiveness, forgiveness, forgiveness, forgiveness
This is the reason I'm notorious, notorious, notorious
Genesis, The Notorious
ငါ သည် လောင်ကျွမ်းနေပြီ
မင်းငြိမ်းသတ်ဖို့ မဖြစ်နိုင်
ဒါ ဟာ ပြန်လမ်းမရှိ
သတ်ကွင်း ထဲကို ရောက်လာတဲ့ သားကောင်ကို ကြိုဆိုကြဟေ့
ဟေး ဟို ဟေး ဟို ဟေး ဟို ဟေး ဟို ဟေး ဟို ဟေး ဟို ဟေး ဟို
ဟေး ဟို ဟေး ဟို ဟေး ဟို ဟေး
Won't let you get back up
ဟေး ဟို ဟေး ဟို ဟေး ဟို ဟေး ဟို ဟေး ဟို ဟေး ဟို ဟေး ဟို
ဟေး ဟို ဟေး ဟို ဟေး ဟို ဟေး
Won't let you get back up
Written by: Nay Oo Lin