制作
出演艺人
Mi Sandi
表演者
作曲和作词
Soe Lin
词曲作者
歌词
မျက်လုံးလေးမှိတ်လည်း စိတ်တို့လွင့်ဆဲ အတွေးတစ်ချို့အတွက်ပဲ ငါမေ့လို့ ခက်ဆဲပေါ့
အတူတူဆုံရင်အရေးထား မင်းအနားတစ်ချိန်ချိန်မှာတော့ နင်သိမလား
ငါ့အကြည့်တွေထဲမှာ အစွဲအလန်းတွေသိမ်းထား
နှုတ်ခမ်းလေးဖွင့်တိုင်းမှာ အလွမ်းလေးတွေဖုံးထား
နင်ဖော်ရွေတာအသည်းယား အိပ်မက်တွေမျောခဲ့နေ့များ ငါ့မှာခံစား
တစ်ဖက်သတ်ဘဝအကြောက်ဆုံးပါ အကြိမ်ကြိမ်လေ နှစ်ယောက်ဘဝလေး မျှော်လင့်ခဲ့
ရင်ခုန်သံအရိပ်အမြွက်များနဲ့ မင်းအတွက်ပဲ ရည်ရွယ်ခဲ့တာနင်သိရက်များ ဟန်ဆောင်လားကွာ
(အို) တစ်ခုခုတော့ မှားနေပြီ (အို) တစ်ခုခုတော့ မှားနေလို့ပါ
ဘယ်လိုဖြစ်မလဲငါ မပျော်နိုင်ဘူး ဘာကြောင့်များ ဒါဟာအချစ်လား

ဒီတစ်သက်လုံးမှာ နင်မပါလည်း ကွယ်ရာကတွယ်တာနေဆဲပါ
ပဟေဠိတစ်ပုဒ် အဖြေညှိဖို့ သဲလွန်စများ အကြိမ်ကြိမ်ငါလေ ရှာဖွေကြည့်လို့
ငါမသိလို့ ဘာတွေဖြစ်လို့ အမြဲတမ်းကြောင်တောင်တောင် ငေါင်တောင်တောင်
ငါလေဆေးမိထားသလို ကလေးကစားသလို လွယ်ကူတဲ့ ဂိမ်းမဟုတ်
အချစ်ဆို မှော်ဝင်သီချင်းတစ်ပုဒ် စီးမျောကာ ပျော်ဝင်ခြင်းမျိုး
သံလိုက်လိုဆွဲဆောင်ခေါ်ငင်ခြင်းတစ်မျိုးဟာ ဘာတွေလဲ ရှုပ်နေတာပဲ
ရှင်းလေလေ ရှုပ်လေလေပဲ ဒါအချစ်လားဆိုတာ မသေချာပေမယ့်
ငါ့အိပ်မက်တိုင်းမှာ နင်ပါနေတယ် တစ်ခုခုတော့မှားနေပြီပဲ
ငါ့မျက်လုံးတွေထဲ နင်ပဲမြင်နေတယ် စက္ကန့်နာရီတိုင်း နင့်အနားနေချင်တဲ့
ငါ့စိတ်တွေကိုလည်း ရိုက်ချိုးလိုက်ချင်ရဲ့
တစ်ဖက်သတ်ဘဝအကြောက်ဆုံးပါ အကြိမ်ကြိမ်လေ နှစ်ယောက်ဘဝလေး မျှော်လင့်ခဲ့
ရင်ခုန်သံအရိပ်အမြွက်များနဲ့ မင်းအတွက်ပဲ ရည်ရွယ်ခဲ့တာနင်သိရက်များ ဟန်ဆောင်လားကွာ
(အို) တစ်ခုခုတော့ မှားနေပြီ (အို) တစ်ခုခုတော့ မှားနေလို့ပါ
ဘယ်လိုဖြစ်မလဲငါ မပျော်နိုင်ဘူး ဘာကြောင့်များ ဒါဟာအချစ်လား
(အို) တစ်ခုခုတော့ မှားနေပြီ (အို) တစ်ခုခုတော့ မှားနေလို့ပါ
ဒီတစ်သက်လုံးမှာ နင်မပါလည်း ကွယ်ရာကတွယ်တာနေဆဲပါ
သူ့ကိုမြင်ရင် ကြောက်လန့်သလိုလို ရင်ခုန်သလိုလို တမျိုးကြီးပဲ
နေမရထိုင်မရ မူပျက်ရာက လူသိသွားမှာစိုးမိတယ်
တိတ်တိတ်သူခိုးကြည့်တဲ့ မျက်ဝန်းတွေ တည့်တည့်တိုးမိလည်း
ဘယ်လိုမှ ဖြေဆိုမရတဲ့ သူ့အကြည့်များရဲ့ အနက်အဓိပ္ပါယ်
သူ့ကိုမြင်ရင် ကြောက်လန့်သလိုလို ရင်ခုန်သလိုလို တမျိုးကြီးပဲ
နေမရထိုင်မရ မူပျက်ရာက လူသိသွားမှာစိုးမိတယ်
တိတ်တိတ်သူခိုးကြည့်တဲ့ မျက်ဝန်းတွေ တည့်တည့်တိုးမိခဲ့
ဗေဒင်ဆရာများ ဖြေကြားနိုင်မလား သူ့စိတ်ထဲဘာများရှိမလဲ
(အို) တစ်ခုခုတော့ မှားနေပြီ (အို) တစ်ခုခုတော့ မှားနေလို့ပါ
ဘယ်လိုဖြစ်မလဲငါ မပျော်နိုင်ဘူး ဘာကြောင့်များ ဒါဟာအချစ်လား
(အို) တစ်ခုခုတော့ မှားနေပြီ (အို) တစ်ခုခုတော့ မှားနေလို့ပါ
ဒီတစ်သက်လုံးမှာ နင်မပါလည်း ကွယ်ရာကတွယ်တာနေဆဲပါ
Written by: Soe Lin