積分

演出藝人
Wyne Su Khaing Thein
Wyne Su Khaing Thein
演出者
詞曲
Sai Sai Kham Leng
Sai Sai Kham Leng
作曲

歌詞

နှလုံးသားရဲ့ အတိမ်အနက်
ငါ့အတွက်တော့ အိပ်မက်မဟုတ်ဘူး
အချိန်နာရီ နေ့ရက်တွေ ပျော်စရာတွေ ဝေမျှခဲ့ဖူး
ခဏလေးမဟုတ်ဘူး ကြည်နူးခဲ့တာတွေ
ဟူး ပျော်မြူးခဲ့တာတွေ
အမှတ်ရလို့ အောက်မေ့နေ
ဘဝကတော့ ခြောက်သွေ့နေ
ဘယ်သူမှလည်း နားမလည်ကြဘူး
အသိစိတ်က ထိန်းချုပ်နေ
မသိစိတ်က သတိရနေ
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး
ချစ်ခဲ့တာလား နင့်ကို
ရူးခဲ့တာလား အချစ်ကို
ဟိုအရင်လို နင်မရှိဘူး
ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်ထဲရူး
ချစ်ခဲ့တာလား နင့်ကို
ရူးခဲ့တာလား အချစ်ကို
ဟိုအရင်လို နင်မရှိဘူး
ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်ထဲရူး
ရူးနေပြီ
စိတ်ဓာတ်ကျအောင်လို့ ငါ့ဘက်ကလုပ်မိတာလား
နင် စိတ်ပျက်သွားအောင်များ
တစ်ခါတလေမှာ ငါမှားခဲ့လား
ခဏလေးပါလား အတူသွားခဲ့တာတွေ
အတူ ကစားခဲ့တာတွေ
နင်ပေးခဲ့တဲ့ အမှတ်တရတွေ
ဝေးခဲ့တော့ တမ်းတနေ
ဘယ်သူမှလည်း နားမလည်ကြဘူး
တိတ်တဆိတ် မင်းရောက်လာ
တိတ်တဆိတ် မင်းထွက်ခွာ
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး
ချစ်ခဲ့တာလား နင့်ကို
ရူးခဲ့တာလား အချစ်ကို
ဟိုအရင်လို နင်မရှိဘူး
ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်ထဲရူး
ချစ်ခဲ့တာလား နင့်ကို
ရူးခဲ့တာလား အချစ်ကို
ဟိုအရင်လို နင်မရှိဘူး
ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်ထဲရူး
ရူးနေပြီ
ချစ်ခဲ့တာလား နင့်ကို
ရူးခဲ့တာလား အချစ်ကို
ဟိုအရင်လို နင်မရှိဘူး
ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်ထဲရူး
ချစ်ခဲ့တာလား နင့်ကို
ရူးခဲ့တာလား အချစ်ကို
ဟိုအရင်လို နင်မရှိဘူး
ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်ထဲရူး
ရူးနေပြီ
Written by: Sai Sai Kham Leng
instagramSharePathic_arrow_out

Loading...