積分

演出藝人
Nay Lin Kyaw
Nay Lin Kyaw
演出者
詞曲
Kyaw Kyaw Ko Ko Wai
Kyaw Kyaw Ko Ko Wai
作曲

歌詞

(V1)
အချစ်ဆိုတာဆန်းကျယ်တဲ့
ကြယ်တံခွန်လိုပဲကွယ်
လှမ်းကာတွေ့လည်း ဖမ်းဆုပ်
ထာဝရသိမ်းထားဖို့ရန်မလွယ်။
ညဆိုအိပ်မက်တွေထဲ
ဖြူစင်စွာနဲ့ရယ်
အမြဲချိုမြိန်သောအချစ်တစ်ခု
ကမ္ဘာမြေအဆုံးထိလိုက်ရှာမယ်။
(Chorus 1)
ပင်လယ်ကြီးရဲ့ဟိုးအဝေးကို
မျှော်ကာငေးလို့ရယ်။
ငွေလမင်းလည်းလမ်းပြ ဘယ်မှာအချစ်တို့ရှိနေမယ်။
ပြောလို့သွားဦးကွယ်
လေပြည်ညှင်းလေးရယ်။
လာရာလမ်းမထက်က
အချစ်တို့ရှိရာကွယ်။
(V2)
လမ်းပေါ်မှောင်မိုက်နေတဲ့
မှန်အိမ်ငယ်လေးရယ်။
အချစ်ရယ်ခွန်အား အလင်းတို့
လာကာထွန်းညှိလှည့်ပါကွယ်
ကြိုးတွေအိုဟောင်းနေတဲ့
ဂစ်တာငယ်လေးရယ်။
အချစ်သံစဉ်လေးညှိလို့
ဘယ်တော့တီးခတ်ရပါမယ်။
(Chorus 2)
မျှော်လင့်ခြင်းရဲ့ သီချင်းလေးရယ်
ဘယ်မှာများလဲကွယ်။
သံစဉ်လေးလည်းညည်းလို့ရင်တွေကွဲအက်လို့နေတယ်။
တိုးတိတ်ဆွံ့အတဲ့၊
နံနက်ခင်းလေးဝယ်။
မြူဝေနှင်းများကြားထဲ
အိမ်ပြန်လမ်းလေးစောင့်နေမယ်။
Cho 1 (Ending)
ပင်လယ်ကြီးရဲ့ဟိုးအဝေးကို
မျှော်ကာငေးလို့ရယ်။
ငွေလမင်းလည်းလမ်းပြ ဘယ်မှာအချစ်တို့ရှိနေမယ်။
ပြောလို့သွားဦးကွယ်
လေပြည်ညှင်းလေးရယ်။
အချစ်…တို့….ရှိရာကွယ်။
Written by: Kyaw Kyaw Ko Ko Wai
instagramSharePathic_arrow_out

Loading...