Music Video
Music Video
Credits
PERFORMING ARTISTS
Saï Saï
Performer
COMPOSITION & LYRICS
Sai Sai Kham Leng
Songwriter
Lyrics
ရက်စက်တယ် ရက်စက်မှကြေကွဲ
ရက်စက်တယ် ရက်စက်မှဝမ်းနည်း
ငါ့ရဲ့နံရိုးတစ်ချောင်းလို
ငါ့ရဲ့နောက်ကိုယ်တစ်ခြမ်းလို
ငါ့ရဲ့ပါရမီဖက်လို့
ရင်ခွင်မှာတံဆိပ်ခတ်နှိပ်ထားဖူးတယ်
ငါ့ဘဝကိုမင်းအတွက်ပုံအောခဲ့
မင်းကငါ့ကိုပုံပြောတယ်
ပေးခဲ့တဲ့ကတိတွေနဲ့
သစ္စာစကားတွေ ရေစုန်မှာမျောတယ်
မင်းမရှိလို့မဖြစ်တဲ့သူ
စုံလုံးကန်းအောင်ချစ်မယ့်သူ
ညှိမရတဲ့အဖြစ်အပျက်တစ်ခုတိုင်း
မင်းကငါ့ကိုအပြစ်ဖွဲ့သူ
ငါ့အတွက်တော့ မင်းက ကဗျာတစ်ပုဒ်ပဲ
ဖျက်မရတဲ့ ပဋိညာဉ်စာချုပ်ပဲ
မင်းအတွက်တော့ငါက
ဘာမဟုတ် ညာမဟုတ်ကောင်လို့ ပြောပြီးခါထုတ်ခဲ့
သက်သေမဲ့စွပ်စွဲချက်နဲ့
မိန်းမတွေနဲ့သမုတ်တယ်
စိုင်းစိုင်းဆိုတဲ့ဘဲကြီးက
မင်းဘဝအတွက် ဆူးခလုပ်တဲ့
ငါဘာပြောပြောအရေးမလုပ်ဘဲ
Vampire လို ဂုတ်သွေးစုပ်တယ်
ပီကေလိုညက်အောင်ဝါး
အချိုရည်ကုန်မှ ထွေးထုတ်တယ်
အနာတွေအကုန် ကျက်သွားလည်း
အမှတ်တရ အလွမ်းတွေကျန်ရစ်တယ်
ဒဏ်ရာအမာရွတ်အဟောင်းတစ်ခုက
အသည်းမှာ ထင်ကျန်နေဆဲပဲ
အပျော်တမ်းချစ်တဲ့ အချစ်မှမဟုတ်တာ
ငါဘယ်လိုမေ့ပစ်လို့ရမလဲ
ရင်မှာဖျောက်ဖျက်မရနိုင်တဲ့
မှင် Tattoo တစ်ခုလိုပဲ
ချာချာလည်အောင် ငါ ရူးတော့မယ်
ရက်စက်တယ် ရက်စက်မှကြေကွဲ
ရက်စက်တယ် ရက်စက်မှဝမ်းနည်း
မင်းရဲ့ဆာမူရိုင်းလို
မင်းရဲ့မဟာတံတိုင်းလို
မင်းအတွက်အရာရာတိုင်းလို့
ငါ့ကိုယ်ငါ အသင့်ပြင်ဆင်ထားဖူးတယ်
မင်းကငါ့ဘဝကိုအုပ်ချုပ်တယ်
မင်းကပဲငါ့ကိုအမိန့်ထုတ်တယ်
မင်းရဲ့စက်ရုပ်ကြီးလို
အဝေးထိန်းခလုပ်နဲ့ ငါ့ကိုထိန်းချုပ်တယ်
မင်းဘဝရဲ့အတက်လှေကားလို့
ငါ့ရဲ့ဘဝကိုယုံကြည်ထင်မှတ်တယ်
မင်းကတော့အဆင်းလှေကားလို့သတ်မှတ်
ငါ့ကိုအမြင်ကတ်ခဲ့
လူတွေကိုခင်တတ်မင်တတ်တဲ့
ငါ့ကိုမင်း အပြစ်အမြဲမြင်တတ်တယ်
မင်းတို့အတွက်ငါကချဉ်ဖက်တဲ့
တွေးလိုက်တိုင်း ချောင်းဆိုးရင်ကြပ်တယ်
အင်း ငါကမင်းရဲ့အပါးတော်မြဲ
မင်းရဲ့အပျင်းပြေ ကစားဖော်ပဲ
ငြီးငွေ့ မှမင်းကပစ်ချ နင်းချေပစ်တယ် ဖဝါးတော်နဲ့
ငါဘဝပျက်မှာမကြောက်ပါဘူး
ငါစိုးရိမ်တာမင်းအကြောင်းအရာတွေ
ဘုရားပေါ်တက်တိုင်းတောင်းတဲ့ဆုက
မင်းရဲ့နောက်လူကောင်းပါစေ
(မင်းရဲ့နောက်လူကောင်းပါစေ)
အနာတွေအကုန်ကျက်သွားလည်း
အမှတ်တရအလွမ်းတွေကျန်ရစ်တယ်
ဒဏ်ရာအမာရွတ် အဟောင်းတစ်ခုက
အသည်းမှာ ထင်ကျန်နေဆဲပဲ
အပျော်တမ်းချစ်တဲ့ အချစ်မှမဟုတ်တာ
ငါဘယ်လိုမေ့ပစ်လို့ရမလဲ
ရင်မှာဖျောက်ဖျက်မရနိုင်တဲ့
မှင် Tattoo တစ်ခုလိုပဲ
ချာချာလည်အောင် ငါ ရူးတော့မယ်
ရက်စက်တယ် ရက်စက်မှကြေကွဲ
ရက်စက်တယ် ရက်စက်မှဝမ်းနည်း
တိုက်ဆိုင်မူရှိသွားခဲ့ရင်ခွင့်လွတ်
ဒါတကယ်ရည်ရွယ်တာ
ရက်စက်လွန်းပါတယ် ရက်စက်မှဝမ်းနည်း
အနာတွေအကုန် ကျက်သွားလည်း
အမှတ်တရအလွမ်းတွေ ကျန်ရစ်တယ်
ဒဏ်ရာအမာရွတ်အဟောင်းတစ်ခုက
အသည်းမှာ ထင်ကျန်နေဆဲပဲ
အပျော်တမ်းချစ်တဲ့ အချစ်မှမဟုတ်တာ
ငါဘယ်လိုမေ့လို့ရမှာလဲ
ရင်မှာဖျောက်ဖျက်မရနိုင်တဲ့
မှင် Tattoo တစ်ခုလိုပဲ
ချာချာလည်အောင် ငါ ရူးတော့မယ်
ရက်စက်တယ် ရက်စက်မှကြေကွဲ
ရက်စက်တယ် ရက်စက်မှဝမ်းနည်း
Written by: Sai Sai Kham Leng