Credits

COMPOSITION & LYRICS
Sai Sai Kham Leng
Sai Sai Kham Leng
Songwriter

Lyrics

နတ်ပြည်နဲ့ငရဲကို နေ့စဉ်ကူးသလို
စွန်ကြိုးလိုပဲနင် လျှော့လိုက်တင်းလိုက် ငါ့ကိုအရူးလို
နင့်ဘဝကြီးမှာ ငါ့အပြင်နောက်ထပ် မရှိတော့ဘူးလို့
နေ့စဉ်ရက်စက်ချော့လိုက်ခြောက်လိုက် ငါ့မှာမူးလို့
ပေးဆပ်ခြင်းနဲ့စွန့်လွှတ်ခြင်းကို ရေလဲလိုသုံးလို
အချစ်နွံထဲမှာအောက်ကျနောက်ကျ ငါနွားလိုရုန်းလို့
နင်အနားမှာဝဲတဲ့ လိပ်ပြာများလည်း ငါသိပ်ကိုမုန်းလို့
စိတ်ထဲမှာကြိတ်ကာစိတ်နာနေလည်းဟန်ဆောင်ပြုံးလို့
လိုချင်တဲ့အချစ်အစစ်ကိုလိုက်ရှာ
မလိုချင်တဲ့အပေါစားအချစ်တွေနဲ့ပဲ
ကြုံလေရာ ဒီလောကကြီးကို စိတ်နာ
ရူးပြီလား
နင်ချစ်ခဲ့တဲ့ငါမဟုတ်ဘူး တကယ်ချစ်ခဲ့တဲ့ငါဟာအရူးပါ
ရယ်စရာကစားနည်းတစ်ခုလိုမင်းလက်မှာ
ဗလာပဲရှိတဲ့ ဒီဘဝထဲ
မလာရဲဘဲနဲ့ နင်ဆော့ကစားတယ်
ပျော်စရာ မင်းအတွက် အပျင်းပြေ
ငါ့အချစ်များ ငါ့အချစ်များ
သိပ်အလိုလိုက်လို့ အမိုက်စော်ကားတဲ့နင့်ကို
ဇွဲနဘဲနဲ့ရူးလို့မိုက်လို့ ဆက်လို့ချစ်လို့
ညလုံးပေါက်ဖုန်းတွေပြောနေလည်းပဲ ငါငုတ်တုတ်စောင့်လို့
အိပ်ရေးတွေပျက်တာ ညစဉ်ရက်ဆက် ငါ့မှာဂေါက်လို့
အသိဉာဏ်တွေက တော်လောက်ပါပြီလို့ပြောနေပြီ
သံယောဇဉ်လက်ကျန် မနက်ဖြန်ဆက်ရန်မောနေပြီ
ရှိမဲ့စုသိက္ခာ တံတွေးခွက်ထဲမှာမျောနေပြီ
ပေါ့ပျက်ပျက်နင့်ရဲ့အချစ်ကို ကောင်းကောင်းကို ငါနောကျေပြီ
လိုချင်တဲ့အချစ်အစစ်ကိုလိုက်ရှာ
မလိုချင်တဲ့အပေါစားအချစ်တွေနဲ့ပဲ
ကြုံလေရာ ဒီလောကကြီးကို စိတ်နာ
ရူးပြီလား
နင်ချစ်ခဲ့တဲ့ငါမဟုတ်ဘူး တကယ်ချစ်ခဲ့တဲ့ငါဟာအရူးပါ
ရယ်စရာကစားနည်းတစ်ခုလိုမင်းလက်မှာ
ဗလာပဲရှိတဲ့ ဒီဘဝထဲ
မလာရဲဘဲနဲ့ နင်ဆော့ကစားတယ်
ပျော်စရာ မင်းအတွက် အပျင်းပြေ
ငါ့အချစ်များ ငါ့အချစ်များ
လိုချင်တဲ့အချစ်အစစ်ကိုလိုက်ရှာ
မလိုချင်တဲ့အပေါစားအချစ်တွေနဲ့ပဲ
ကြုံလေရာ ဒီလောကကြီးကို စိတ်နာ
ရူးပြီလား
နင်ချစ်ခဲ့တဲ့ငါမဟုတ်ဘူး တကယ်ချစ်ခဲ့တဲ့ငါဟာအရူးပါ
ရယ်စရာကစားနည်းတစ်ခုလိုမင်းလက်မှာ
ဗလာပဲရှိတဲ့ ဒီဘဝထဲ
မလာရဲဘဲနဲ့ နင်ဆော့ကစားတယ်
ပျော်စရာ မင်းအတွက် အပျင်းပြေ
ငါ့အချစ်များ ငါ့အချစ်များ
Written by: Sai Sai Kham Leng
instagramSharePathic_arrow_out

Loading...