Credits
PERFORMING ARTISTS
Jixk Gabby
Vocals
COMPOSITION & LYRICS
Jixk Gabby
Composer
PRODUCTION & ENGINEERING
ItsAG
Producer
Lyrics
အချစ်ရေ မင်းမရှိတဲ့နေ့မှာ
ကိုယ့်ကိုပန်းပေးမယ့်လူမရှိ
ကိုယ်ဟာလူသေကောင်တွေကြားမှာ
ဘဝကိုရှင်သန်နေထိုင်မိ
အချစ်ရေ နာကျင်အချိန်ပိုရောက်ပြီ
ကိုယ်ဟာဘယ်အထိသွားမိသလဲ
ဒီလိုအာကာပြင်ယံအနားမှာ
ဘဝဟာကြယ်မရှိ လမရှိ အပါယ်
အချစ်ရေ ငရဲဆိုတာ အနီးလေးပါ
ကပိုပရိုမင်းပုန်းတဲ့နေ့လည်
ဘဝမှာမင်းပိုင်တဲ့ရယ်သံကို
ဘုရားရှင်ရဲ့တရားသံထက်မုန်းမလွယ်
မေ့မလွယ်
အချစ်ရေကိုယ်ဟာမှားနေပြီ
ဘဝကိုလမ်းပြောင်းပြန်ကြီးသွားနေမိ
မှတ်တိုင်ကျော်သွားတဲ့ကားတွေနဲ့
ဘူတာမရှိတော့တဲ့ရထားတွေဆီ
အချစ်ရေ အမှောင်ထုဟာဆီးကြိုနေတဲ့
ဘဝတွေကို ကိုယ်ရောက်ခဲ့ပြီးပြီ
အဲ့အချိန်မှာကိုယ်နောက်လှည့်ကြည့်မိတော့
မင်းရယ်သံလေးတွေကကိုယ့်ခေါင်းထဲငြိချည်
အချစ်ရေ ကိုယ့်လက်မောင်းပေါ်မင်းခေါင်းအုံးပြီးတော့စမအိပ်တော့တဲ့နေ့များ
ငါသေတယ်
ငါရှင်တယ်
ဆိုတာဟာမထူးတော့တဲ့နေ့များ
အချစ်ရေကိုယ်ဟာစောက်ရူးတစ်ကောင်ပါ
ဒါကိုသိသိလျက်မင်းထားခဲ့တယ်
တစ်ချိန်မှာသေမင်းနဲ့တွေ့ရင်စောက်ခွက်ရိုက်ဖို့
ကိုယ်လမ်းထဲကပုဆိန်တစ်လက်ကိုငှားခဲ့မယ်
အချစ်ရေမင်းမျက်ဝန်းထဲမှာကိုယ့်ပုံရိပ်တွေပေါ်ဖို့
မင်းမျှော်လင့်ခဲ့ရင်
ကမ္ဘာကြီးကို-နဲ့ထိုးမလို့
အချစ်ရေမတားပါနဲ့တော့
ကိုယ်ဟာမင်းအပေါ်နစ်ခဲ့တမင်
အချစ်ရေလိုက်ရှာသူမောတဲ့ဘဝကို
မင်းမလို့အရင်သွားနှင့်ပြီးသေမယ်စဉ်းစားသလဲ
လောကသုံးဘုံကိုမင်းကြောင့် သွေဖယ်မယ့်ကောင်
ရင်ထဲပူတာနေဆယ်စင်းမကခဲ့
တကယ်ကိုဖြေဆယ်ခွင့်မရရင်
ဘာတွေလုပ်ရမလဲ
ကိုယ့်ဘက်ကိုဖြေခဲ့မင်းတရားနဲ့
အချစ်ရဲ့ငွေကြယ်ပွင့်တစ်စကို
မင်းလက်နဲ့ကိုယ့်ပုခုံးပေါ်တင်ပြီးနွေအလယ်နှင်းကျ
အဆုံးအစမဲ့အိမ်မက်တွေထဲမှာရုန်းမရတဲ့အခါ
ကိုယ်ဟာမင်းတင်ဖူးတဲ့ ဇာတ်လမ်းထဲကအရှုံးသမားရဲ့ဆရာ
တိုက်ပေါ်ကခုန်ချမယ့်မင်းအတွေးတွေတိုင်းကိုမုန်းရတဲ့ငါ
အခုလိုပုံစံမျိုးနဲ့အသက်ဆက်ရှင်ဖို့မကြုံဝါးရဲပါ
အချစ်ရေမင်းရယ်သံ မင်းညစာ မင်းပုံရိပ်တွေတိုင်းကို
ကိုယ့်မှာ နေ့ဖက်ရော ညဖက်ရော အတင်းစုံမှိတ်၍နှိုင်းဆို
ဘဝကိုထားခဲ့လိုက်ပြီ
ငါ့အတွေးတွေမှားတဲ့တိုင်းပြည်
ငါ့ဘဝမှာမင်းကလွဲ၍ကျန်တဲ့အရာအကုန်လုံးဓားနဲ့ပိုင်းပြီ
အချစ်ရေ ငရဲပြည်ရော၊နတ်ပြည်ရော အကုန်လုံးမီးရှို့ပစ်မယ်
မင်းရဲ့မျက်နှာလေးမြင်ရဖို့ဘာမဆိုလှီးလို့ဖြစ်တယ်
သွေးချောင်းစီးသွားမယ့်တိုင်းပြည်တစ်ခုကို ကဗ္ဗည်းထိုးပစ်မယ်
အဲ့တိုင်းပြည်မှာ မင်းနဲ့ငါနှစ်ယောက်ပဲကြီးစိုးသင့်တယ်
အချစ်ရေမနိုးနိုင်တဲ့ အိမ်မက်တွေကိုငါရောင်းချင်တယ် တစ်သက်စာလုံး
ငါနတ်ဆိုးနဲ့နတ်ကောင်းကို လက်ဝှေ့ထိုးခိုင်းပြီးတော့ ထွက်လာမလို့
မင်းဘေးနားကအသံတွေ ငါမျက်လုံးမှိတ်လိုက်တိုင်းမှာ ကပ်လာသလို
ငါစွဲနေတဲ့အစွဲတွေကို မချွတ်ပေးနိုင်တော့တဲ့ ဘုရားတွေမျက်နှာညှိုး
ကွဲနေတယ်အချစ်ရေ ရင်ဘတ်မှာသေရာပါ မာတိကာရှိ
မင်းနှုတ်ခမ်းပါးကို သေမင်းက ငါ့အိမ်ရှေ့တည့်တည့်မှာ မီးလာညှိ
ငါ့ဒေါသဟာ မင်းမမြင်ဖူးတဲ့ပင်လယ်သမုဒ္ဒရာထိပါကြီး
ငါမင်းမျက်နှာထပ်မြင်ရဖို့ ဘာတွေကိုစတေးပြီးနီးရမှာလဲ
အချစ်ရေ မင်းမရှိတဲ့နေ့မှာ
ကိုယ့်ကိုပန်းပေးမယ့်လူမရှိ
Written by: Jixk Gabby