album cover
Khin
album cover
Khin was released on May 15, 2020 by Brain Gain 2018 as a part of the album Compoptable
May 15, 2020
LabelBrain Gain 2018
LanguageEnglish
BPM97
Melodicness
Acousticness
Valence
Danceability
Energy

Lyrics

ဝတိံဘုံဖျားထက်အလွှာ ကျသလားလို့မေးချင်တယ်
ယဉ်လွန်းတဲ့သူမို့ကွယ် ဪခင်ရယ်
ပန်းလေးတွေကြွေကျတဲ့
လမ်းထက်မှာခင်လျှောက်သွားရင်ငေးကျန်ရတယ်
ဒီမောင်မှာမလွယ်ဘူး ဒီသီချင်းလေးတွေရူးရူးမူးမူး
မောင်စွဲလန်းတဲ့ခင်နားဆင်ဖို့ရာ
ခင့်အိမ်ရှေ့မာရွှေနားတော်သွင်းမဲ့
ချစ်ခြင်းစကားများဖွဲ့သီကာမောင်ဆိုပြမယ်နော်
လေသာဆောင်ထက်က ငေးနေမလား
ရွှေသလွန်တော်ပေါ်မှာပဲ မှေးနေမလား
ပီသကြည်မြစွာကြားရစေ့မယ်
ခင်နားလည်ပါစာနာလို့ပေးလိုက်ပါ
ကဗျာစာတို့ထွေးပိုက်ကာအရာရာအကုန်
ခင်ခင်ပျိုလေးအကြိုက်ပါ
ပုန်းညက် ယင်းမာ မြတ်လေး စံပယ်လိုရနံတွေလှိုင်တယ်
ခင့်ဂုဏ်သတင်းလေးများ
တခြားသူခူးဆွတ်သွားမှာ
ကြောက်တာအမှန်ပဲ မောင့်ရင်ခွင်မှာ
တစ်နေရာစာ ခင့်တစ်ယောက်
အတွက်ရည်စူးကြံရွယ်
သေသေချာဆုံးဖြတ်ထားတယ်
အသဲမှာစွဲတဲ့ ခင်ခင်ပျိုကိုအလိုလိုက်ပေးပါ့မယ်
ရှေးဘဝကရေစက်များဖြစ်လေမလားခင်ရယ်
တစ်နေ့မှမတွေ့ရင်ရူးလောက်အောင်ပါပဲကွယ်
ဇာတာကံစန်းထလို့ရယ် ဘယ်တော့များနီးရမယ်
ရာသီအချိန်တွေပြောင်းနှောင်းခဲ့သော်လည်း
ခင့်အပေါ်ဝယ်တိုးချစ်ခဲ့တယ်
ပျားပိတုန်းများဝဲတာမလိုချင်ဘူးကွယ်
ဒီသီချင်းလေး ခင် ကြားသိပါတော့ကွယ်
လေသာဆောင်ထက်ကငေးနေမလား
ရွှေသလွန်တော်ပေါ်မှာပဲ မှေးနေမလား
ပီသကြည်မြစွာ ကြားရစေ့မယ်
ခင်နားလည်ပါ စာနာလို့ပေးလိုက်ပါ
ကဗျာစာတို့ထွေးပိုက်ကာ အရာရာအကုန်
ခင်ခင်ပျိုလေးအကြိုက်ပါ
ပုန်းညက် ယင်းမာ မြတ်လေး စံပယ်လို ရနံ့တွေလှိုင်တယ်
ခင့်ဂုဏ်သတင်းလေးများ တခြားသူ ခူးဆွတ်သွားမှာ
ကြောက်တာအမှန်ပဲ
မောင့်ရင်ခွင်မှာတစ်နေရာစာ
ခင့်တစ်ယောက်အတွက်ရည်စူးကြံရွယ်
သေသေချာဆုံးဖြတ်ထားတယ်အသဲမှာစွဲတဲ့
ခင်ခင်ပျိုကိုအလိုလိုက်ပေးပါ့မယ်
အသဲမှာစွဲတဲ့ ခင်ခင်ပျိုကိုအလိုလိုက်ပေးပါ့မယ်
Written by: Hi - Bird, myo thu kyaw
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...