album cover
Khattar
album cover
Khattar was released on January 1, 2001 by Legacy Music Network as a part of the album So
AlbumSo
January 1, 2001
LabelLegacy Music Network
BPM181
Melodicness
Acousticness
Valence
Danceability
Energy

Lyrics

စိမ်းလဲ့လဲ့ည လရိပ်သမ်း
အချစ်နှုတ်ခမ်း
အနမ်းတွေ ဖူးပွင့်ဖို့လေ
မျှော်သူကို သံသယကြိုး
ရစ်နှောင်လွှမ်း ရစ်နေတုန်း
သရဝဏ် ကူလှည့်ဦး
ကြင်နာမယ် အသက်ရှိတဲ့
အရပ် ညွှန်မယ်ဆို
ဝါဆိုပန်း မင်းလွင်
ပုန်းညက် နွမ်းရက်လွန်
ကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
နှောင်းခက်ခက်ဆူး
အချစ်ရိပ်ဦး
စွန့်သည့်မြှား အသည်းမှာ
စူးနစ်ခဲ့လို့
ဒီဒဏ်ကို ရင်မှာထွေးပွေ့
ပိုက်ထွေး ထားနေတုန်း
သရဝဏ် ကူပါဦး
အရင်လူ ဖျက်စီးခဲ့တဲ့အချစ်
ပြင်မယ်ဆို
ဝါဆိုပန်း ပွင့်ဝေ ပုန်းညက်
နွမ်းရက်လွန် ကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
ဆွေးမြေ့မြေ့နေ့
မောင့်ကိုယ်စား
မလွမ်းချင်ဘူး အသက်ရယ်
မင်းဆုံးဖြတ်မှ
ယုံမယ်နော် ဒီတစ်ခါမင်း
သစ္စာမြဲရစေမယ်
သရဝဏ် ကူညီလို့
ဒီအရင် ကြေကွဲခဲ့တဲ့
အတိတ် နှင်မယ်ဆို
ဝါဆိုပန်း ပွင့်ဝေ ပုန်းညက်
နွမ်းရက်လွန် ကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
ဝါဆိုပန်း မင်းလွင် ပုန်းညက်
နွမ်းရက်လွန် ကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ
Written by: Ko Nay Win
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...