album cover
Alien
Hip-Hop/Rap
Alien was released on May 22, 2022 by Gealluss Music Distribution as a part of the album I'm Not A Robot
album cover
Release DateMay 22, 2022
LabelGealluss Music Distribution
LanguageEnglish
Melodicness
Acousticness
Valence
Danceability
Energy
BPM87

Credits

PRODUCTION & ENGINEERING
Gealluss
Gealluss
Producer
Harry Cain
Harry Cain
Producer

Lyrics

အားမနာတဲ့နှိုးစက်ကြောင့် ထလာတဲ့ ကိုယ့်မနက်
စားစရာမဲ့ နို့တစ်ခွက်က လစာမဲ့အကျိုးဆက်
ဘာမှလည်း မတိုးတက်တဲ့ အမှားတစ်ရာနဲ့ မြို့ပျက်
ဥပဒေကို အသပြာ များစွာနဲ့ ဖို့သတ်
သနားစရာပဲ so sad ဘဝမနာတဲ့တစ်ချို့တွက်
စကားအရာနဲ့ နားအလွှာထဲ ဓါးမပါပဲထိုးနှက်
လမသာတဲ့ ဟိုးတစ်ဖတ် ထကာဝဲ ဂျိုးငှက်
အချစ်ဆိုတာ ငါ့ကမ္ဘာထဲ ခဏရွာတဲ့ မိုးစက်
ကုတင်ဘေးက မီးအိမ်အဝါလေးအား
ငါပြေးကာပိတ်ချ
နဖူးပျော်လက်တင် စဉ်စား
ဘာတွေ စရာ ကိစ္စ
တစ်ခုမှ မရှိလည်း တစ်ညလေးမှ
ငါတစ်ရေးမှ အိပ်မရ
ငါဘေးမှာစိတ္တဇ ရှာမတွေ့တာအဘိဇ္ဈာ
ကဲ မျော်လင့်ချက်တွေ အိပ့်ကြတော့
အတော် ညဉ့်နက်နေပြီ
အတ္တတွေ အလိုက်မသိစွာ
အော်ဟစ်ပတ်ပြေး
Drepession နဲ့ Psycho ကတော့
အဖေါ်ဖြစ် ထက်နေမည်
ရပါတယ် မလိုတော့ဘူး
ကျွန်တော်ရင့်ကျက်နေပြီ
ငါ့စိတ်တွေ ငါ့အတိတ် ဘဝအဓိပ္ပါယ်
ဘာတွေပြလိမ့်မလဲ
ငါ့စိတ်တွေ ငါ့အရိပ်တွေ ဘဝအဓိပ္ပါယ်
ဘာလိုပြလိမ့်မယ် ငါမသိ
လျှာမှာ အဆိပ်တွေနဲ့ အခါခါ လာကာမိတ်ဆွေဖွဲ့
အိန္ဒြိယတွေနဲ့ ပတ်သတ်လာရင် အရာရာဘာမှစိတ်မရှည်ခဲ့
မာစတာဘိတ်တွေနဲ့ အသာယာ အာသာကြိတ်ဖြေတဲ့
သံသရာတောထဲမှာပဲ မကြာမကြာ ငါဟာပိတ်နေတယ်
မျက်ရည်စတွေ ခေါင်းအုံးပေါ် စီးဆင်းတဲ့ည
ငြီးချင်းနဲ့စတဲ့ ပြဇာတ်တွေ မပြီးမချင်ပဲက
နည်းစနစ်အလွဲကြား အစမ်းသက်ခံ ကြီးပြင်းတဲ့ဘဝတွေ
မွန်းကြပ်မှုတွေရဲ့ ထွက်ပေါက်တစ်ခု
မီးခြစ်နဲ့စ
လူသားတွေနဲ့ ဓါတ်မတည့်လို အခြေတင်မိရာက
Jဝင်သည့်ကမ္ဘာမှာ မနေချင်သည့်အခါ ခြေလျင်ခရီးငါ စ
Depressionတွေ ဝေဟင်ခရီးမှ
လေယာဉ်စီးလာကြ
မသေခင်ကြည့်ကာသွား ချင်သေးတယ်
နေဝင်ဆည်းဆာအလှ
ငါ့အတွက်တော့ အတိတ်ဆိုတာ
ဖတ်စရာမပါတဲ့ဗလာကြီး
ပြသနာရှာတဲ့ကမ္ဘာကြီး ထွက်ခွါလာတဲ့ ငါ့ခရီး
ရက်ရာဇာလည်း ငါမသိ နတ်ဆရာတကာပြပြီး
စောက်ကြောတင်းတဲ့ ဂြိုလ်သားတစ်ကောင်
စကြာဝဠာထဲမှာရှိတယ်
ငါ့စိတ်တွေ ငါ့အတိတ် ဘဝအဓိပ္ပါယ်
ဘာတွေပြလိမ့်မလဲ
ငါ့စိတ်တွေ ငါ့အရိပ်တွေ ဘဝအဓိပ္ပါယ်
ဘာလိုပြလိမ့်မယ် ငါမသိ
Written by: P-Ya
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...