album cover
Minn
Hip-Hop/Rap
Minn was released on May 22, 2022 by Gealluss Music Distribution as a part of the album I'm Not A Robot
album cover
Release DateMay 22, 2022
LabelGealluss Music Distribution
LanguageEnglish
Melodicness
Acousticness
Valence
Danceability
Energy
BPM84

Credits

PERFORMING ARTISTS
P-Ya
P-Ya
Performer
PRODUCTION & ENGINEERING
Gealluss
Gealluss
Producer
Harry Cain
Harry Cain
Producer

Lyrics

မင်းက ကျောင်းစာတွေကို အပတ်တကုပ်
ကျက်နေတာအမြဲ
စစ်သမျှ စာမေးပွဲတိုင်းမှာ အမှတ်ပြည့်ရမယ်
သို့သော် အပြင်စာပေ ဗဟုသုတတွေ
ထက်မလေ့လာခဲ့တော့
ဆဉ်ကြည်တုံတရား ကင်းပြီး
လက်တွေ့ဘဝထဲမှာ အခက်တွေ့ကြစမြဲ
အကွက်ရွေ့ကြတဲ့ လူတွေကို အတင်းလိုက်ကာ
မိတ်ဆက်ရင်း
ထင်မြင်ချက် အစုံနဲ့ မင့်ကြိုက်ရာတံဆိပ်ကပ်ပစ်
အပေါင်းသင်းနဲ့ အပျော်ပါးမက်တော့
အကျင့်စရိုတ်မှာ အဆိပ်တက်ခြင်း
စိတ်ညစ်လာတိုင်း ရှက်ကီမထုပဲ
နှစ်ခြိုက်စွာ အိပ်စက်ပစ်
လူတွေနဲ့ ငြိမရ key ကအစ Tampo ကအဆုံး
မင့်နဲ့ အကြိုက်မတူတဲ့ လူတိုင်းက ရန်လိုစရာမဟုတ်
မင့်ဘက်က ခံယူထားတဲ့ လောကမှာ ကံဆိုတာအလုပ် ဆိုလည်း
အဲ့ဒီ လုပ်သမျှ အလုပ်တိုင်းမှာ ဥာဏ်ကို လွှာသုံး
ဝန်ထမ်းလာသမျှကတော့ ပင်ပန်းမှာပဲထား
ဇွဲ/လုံးလ/ဝီရိယကို လည်ပင်မှာဆင်မြန်းကာဆွဲထား
အတိတ်ကို နောက်ပြန် လှည်မကြည့်နဲ့
ပြင်စမ်းပါအလွဲများ
လုပ်ခဲ့မိတဲ့ အမှားအတွက် နောင်တအစား
သင်ခန်းစာပဲရ
ကိုယ်ဘက်က လိုအပ်လာမှ လက်လျှို တောင်းတာ ရှက်ဖို့ ကောင်းတယ်လို့
သင်ပေးလား မင့်တက်တဲ့တက္ကသိုလ် ကျောင်းက
ကျက်ဖို့ ကျောင်းစာပဲ ရှိတယ် မထင်နဲ့
ဘဝသင် ခန်းစာတွေ မှတ်ဖို့လည်း ခေါင်းမမာနဲ့
အောက်သက်က ညက်ညက်ကို ကြေနေမှ ရေရှည်မှာအထက်ကို ရောက်မှာ
ရပ်လို့ မစောင့်ကြနဲ့ ဆက်လို့ လျှောက်ပါ
ရပ်လို့ မစောင့်ကြနဲ့ ဆက်လို့ လျှောက်ပါ
အချစ်ကို အစဥ်ကိုးကွယ်တဲ့ မင့်အချိုးနဲ့
ပိုးဖလံရဲ့ အသွင်မျိုးနဲ့ မီးပုံထဲ ဝင်မတိုးနဲ့
အဖြစ်ဆိုးနဲ့ ကြုံလာရင် မင့်မိဘပါ ရင်ကျိုးမယ်
ထွက်ပေါက်အမှားနဲ့ နွံအိုင်ထဲ ဖြတ်လျှောက်သွားရင် ပြင်ဖို့မလွယ်
ဉပဒေရဲ့ အထက်မှာ ဖွံဖြိုးတဲ့ ငွေမရှိရင် ယှဉ်ဖို့မလွယ်ဘူး မှတ်သားထား မှတ်ဉာဏ်အသိနဲ့
ကောင်းတာကျ လက်ခံပြီး အနည်းချက်ကျ ဖြတ်ကန်သည့်
လူတွေနဲ့ မဆက်ဆံမိအောင် နေကွယ် ဟေ
ပိုက်ဆံရှိမှ ရေလည် ပေါတာက အပေါင်းသင်း
မင့်ရှေ့ဆို မြှောက်ပင့် မင့်နောက်ကွယ် ကောက်ကျစ်
သတိထား အဲ့ဒါက လူတစ်ချို့ရဲ့ စောက်ကျင့်
ပိုက်ဆံသာမင့်မှာ များစွာရှိရင် ချစ်သူခင်သူ များပါ၏
ဆက်ဆံကြမယ် ခယပြီး ခွါစားကြမယ် ဖားယားပြီး
အကယ်၍များ မင့်ဆီမှာ သုံးစရာ တစ်ပြားမှမရှိရင်
တစ်ကောင်တစ်မှီးမှ အနားမှာမရှိ အဝေးကိုပြေးလို့
သွားပါပြီ
မင့်မယုံရင် ထကာကြည့် ဆိုးတူကောင်းဖက်က ရှားပါးသည်
ကိုယ်ဘက်က လိုအပ်လာမှ လက်လျှို တောင်းတာ ရှက်ဖို့ ကောင်းတယ်လို့
သင်ပေးလား မင့်တက်တဲ့တက္ကသိုလ် ကျောင်းက
ကျက်ဖို့ ကျောင်းစာပဲ ရှိတယ် မထင်နဲ့
ဘဝသင် ခန်းစာတွေ မှတ်ဖို့လည်း ခေါင်းမမာနဲ့
အောက်သက်က ညက်ညက်ကို ကြေနေမှ ရေရှည်မှာအထက်ကို ရောက်မှာ
ရပ်လို့ မစောင့်ကြနဲ့ ဆက်လို့ လျှောက်ပါ
ရပ်လို့ မစောင့်ကြနဲ့ ဆက်လို့ လျှောက်ပါ
Written by: P-Ya
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...